ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့်ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပေါက်တော   အောက်တိုဘာ   ၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ  မညင်းကိုင်း ကျေးရွာအုပ်စု ကြိမ်နီပြင် IDPs  စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၄၅) နှစ်အထက်နှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac)  ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးသည်။

 အဆိုပါ IDPs စခန်းသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်မ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်း တို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ကာကွယ်ဆေးထိုးနှံရာ၌ ကြိမ်နီပြင် IDPs  စခန်းတွင် လာရောက်ထိုးနှံသူ အမျိုးသား/အမျိုးသမီး စုစုပေါင်း (၁၂၁) ဦးထိုးနှံ လာကြသည်ကိုသိရသည်။ ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊အနောက်ရဲ IDPs စခန်း၊ကြိမ်နီပြင် IDPs စခန်း၊ဌက်ချောင် (၁)  IDPs စခန်း နှင့်၊ဌက်ချောင်း (၂) IDPs စခန်း (၅) နေရာတို့အနက် ဆင်တက်မော် IDPs၊ အနောက်ရဲ IDPs စခန်း နှင့် ကြိမ်နီပြင် IDPs စခန်းများတွင် ထိုးနှံပေးခဲ့ပြီး ကျန်ရှိ IDPs စခန်း (၂)နေရာသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ကျော်သန်း(ပြန်/ဆက်)