မော်လမြိုင်မြို့တွင် (၁၈၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲ  ကျင်းပ

မော်လမြိုင်    အောက်တိုဘာ     ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲကြီးကိုနှစ်စဉ်  စည်ကားသိုက်မြိုက်စွာ    ကျင်းပလျက်ရှိရာ  ယခုနှစ်(၁၈၇)ကြိမ်မြောက်    ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်၌   ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် အလှူရှင်ပြည်သူများက စုပေါင်းလောင်း လှူကြသည်။ 

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကြီးတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်ကြီး များအပါအဝင် ဆရာတော်၊ သံဃာ တော်အရှင်သူမြတ် (၅) ပါးတို့ကကျောင်းတိုက်များကိုယ်စား  ဝါဆိုသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ  ဆွမ်းဝေယျာဝစ္စအဆင်ပြေစေရန် မြို့တွင်း တလျှောက်မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့ရာစေတနာရှင်၊အလှူရှင်များကဆွမ်းဆန်တော်များကို ကုသိုလ်ယူလောင်းလှူပူ​ဇော်ခဲ့ကြသည်။ 

မွန်ပြည်နယ်တွင်   မြို့နယ်လုံးဆိုင်ရာ  ဆွမ်းဆန်တော် လောင်းလှူပွဲကြီးကို နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသလို  ယခုနှစ်အ​နေဖြင့်  ကိုဗစ်- ၁၉ ကာလဖြစ်သည်နှင့်အညီ အလှူခံ​နေရာများထားရှိ၍​ အလှူရှင်များကလာ​ရောက်လှုဒါန်းမှုဖြင့်လည်း​ကောင်း၊ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှလှည့်လည်ပူ​ဇော်ခံ၍သော်လည်း​ကောင်း၊ဆွမ်းဆန်​တော်၊ဆီ၊ပဲ၊ဆား၊ ​ဆေးများအား ​အလှူရှင်များကလှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့နယ်အ​နေဖြင့်ယ​နေ့တွင် ကျောင်း တိုက်ပေါင်း (၄၅၂)  ကျောင်းတို့မှရဟန်း (၃၅၇၇)ပါး၊ သာမဏေ (၂၈၉၄)ပါးနှင့် သီလရှင်(၁၃၂၀)ပါး တို့အတွက်  ဆပ်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)