ကော့ကရိတ် အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ နယ်တွင်အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အောက်တိုဘာ ၄ရက်နေ့တွင် စတုတ္ထအသုတ်၊ ပထမအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့ကရိတ် မြို့နယ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ၉၀၀၀ဦး၊ ဒုတိယအသုတ်တွင်လူဦးရေ၆၇၀၀ဦး၊ တတိယအသုတ်တွင်၇၀၀၀ဦး၊ မွန်ပြည်သစ်ပါတီနှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့အစည်းမှ ၁၃၂၈ ဦးအား ထိုးနှံပေးခဲ့ပြီး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံနိုင်ရန်အတွက်လူဦးရေ ၆၀၀၀ ဦးစာဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် လာမည့်အောက်တိုဘာလ ၄ ရက်နေ့မှစ၍ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ အပြည့်အဝထိုးနှံရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ကော့ကရိတ် မြို့ပေါ်တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇိနသုခဓမ္မာရုံ၊ ကျုံဒိုးမြို့အထကကျောင်းနှင့် ဆေးထိုးရန်ကျန်ရှိသည့် ကျေးရွာများအားဦးစားပေး၍ ဆေးများထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)