နွားထိုးကြီး အောက်တိုဘာ ၃
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT )ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် (၁၇၂)ဦး အားစစ်ဆေးရာ (၅၄)ဦး တွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၅၄)ဦးတို့သည် ပဲချက်ကျေးရွာမှ(၆)ဦး၊ပြင်စည် ကျေးရွာမှ (၁) ဦး၊သမန်းတောကျေးရွာမှ(၂)ဦး၊ရွာသာအေး ကျေးရွာမှ(၁)ဦး၊ရွာကြီး ကျေးရွာမှ(၁၇)ဦး၊ ညောင်ဇင်ကျေးရွာမှ (၂၇)ဦးတို့ နေမကောင်းပြီး အနံ့ပျောက်နေ သဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံတွင် (RDT ) ဖြင့် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံအထူးကုသဆောင် ရွာကြီးအထက၊ မြို့ရှေ့ အမက၊ နေအိမ်တွင်းသီးသန့် ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိ ရသည်။ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်း ခွင့်ရသူ (၂၇၂၂)ဦး၊ ဆေးရုံတက်ကုသသူ(၂၉၄၅) ဦး၊သေဆုံးသူ(၄၆)ဦး၊ လက်ရှိ ဆေးကု သမှုခံယူသူ(၁၇၇) ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်