ငပုတောမြို့နယ်၌ ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပြီးစီး

ငပုတော   အောက်တိုဘာ  

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ငပုတောမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၁၀) နာရီအချိန်မှ ညနေ()နာရီအချိန်ထိ ခွေး(၅၆) ကောင်နှင့် ကြောင်()ကောင် စုစုပေါင်း(၆၀) ကောင်အား အခမဲ့ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အိုက်ကျော်ကျော်နှင့်ဝန်ထမ်းများက ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် မိမိမွေးမြူထားသောခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ငပုတောမြို့အတွင်းရှိ မွေးမြူထားသောခွေးများနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

နှင်းယုမော်(ပြန်/ဆက်)