မြင်းခြံ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ကွမ်းစိုက်၊ပျော်ဘွယ်၊တလုတ်၊နွားဘူးအိုင်၊ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန် တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
မြင်းခြံမြို့နယ်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်ဗိုလ်မှူးထွန်းလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး အောက်တိုဘာ ၃ရက်နေ့တွင် မြင်းခြံမြို့နယ်မှအသက်(၅၅)နှစ်အထက်ပြည်သူ(၁၈၉၈)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။
အဆိုပါ ဒုတိယအသုတ် ပထမအကြိမ်ဆေးထိုးပြီးသူ စုစုပေါင်း(၁၁၃၄၆)ဦးရှိပြီး အခြားကျန်ရှိ နေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်