ဒိုက်ဦး၌ ယနေ့ပိုးတွေ့လူနာ မတွေ့ရှိရ

ဒိုက်ဦး အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းများကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံဆော်ဩလျက် ရှိသည်။

ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ သံသယလူနာ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒိုက်ဦးမြို့နယ် ပိုးတွေ့ရှိမှုမှာ ဒိုက်ဦးပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၃ရက်နေ့တွင် PUI(၁)ဦး၊ ထိုင်းပြန်(၁)ဦး၊ မြဝတီပြန်(၃)ဦး၊ စုစုပေါင်း(၅)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ မရှိပါကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)