ရေတာရှည် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဆီဖူလုံမှုတိုးတက်ရေးအတွက် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နေကြာ သီးညှပ်ဧက ၁၀၀၀ စိုက်ပျိုးရန် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က နေကြာသီးညှပ် ဧက ၁၀၀၀ စိုက်ပျိုး ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ပိုးမွှားရောဂါ ဒဏ်ခံနိုင်သော ဆင်းရွှေကြာ-၂ မျိုးကို (၁)ဧကလျှင် မျိုးစေ့(၂)ပြည်နှုန်းဖြင့် နေကြာသီးညှပ်ဧက (၁၀၀၀) အတွက် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးဆု