ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ  အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် နာရီအချိန်မှ ညနေ() နာရီအချိန်ထိ ရှောက်ကုန်းကျေးရွာအုပ်စု၊ တောင်ပတ်လည်ကျေးရွာအုပ်စု၊ ကိုင်းခုံကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ရောက်ရှိလာသောပြည်သူများအား လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က မိမိတို့ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော အသက်(၄၅)နှစ်ပြည်သူများကို အမှတ်စဉ်နံပါတ်များပေးအပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာနေရာသို့ တစ်ယောက်ချင်း အမှတ်စဉ်  နံပါတ်များအားခေါ်ယူပြီး  ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက  ဆေးလာ ရောက် ထိုးနှံသူများအား ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ရှောက်ကုန်းကျေးရွာအုပ်စု၊ တောင်ပတ်လည်ကျေးရွာအုပ်စု၊ ကိုင်းခုံကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခိုင်မိုးမင်း