အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Book Club ၊ Women Club အသင်းများပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက Book Club၊ Women Club အသင်းများဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ဖွဲ့စည်းထားသော Club အသင်းများတွေ့ဆုံပြီး စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဝါသနာရှင် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင် နိုင်စေရန်၊ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊အတွေးအမြင်များ လက်ဆင့်ကမ်း ဝေမျှတတ်စေရန် နှင့် စာပေကိုချစ်မြတ်နိုး၍ သုတ၊ရသ စာပေများအားလုံး စိတ်ပါဝင်စား၍ ရွေးချယ်ဖတ်ရှုတတ်စေရန်၊Women Club အသင်း အနေဖြင့်လည်း အမျိုးသမီးများအတွက် အိမ်တွင်းမှုသင်တန်းဖွင့်လှစ်နိုင်ရန် နှင့်အမျိုးသမီးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက် နိုင်စေရန် စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ ပြည်သူများပူးပေါင်း၍ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အသီးသီး ဖွဲ့စည်းခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)