ကလေးဝ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ သစ်ချောက်ကျေးရွာတို့ရှိ စာသင် ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
ကလေးဝမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (BIBP) အလုံးရေ ၃၀၀ ခွဲတမ်းရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် လူဦးရေ ၅ ဦးနှုန်းဖြင့် လူဦးရေ ၁၅၀၀ ဦးအား ထိုးနှံပေး သွားမှာဖြစ်ရာ မိဘပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် ကလေးဝ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာ သတ်မှတ်၍ ၃ ရက်နှင့်အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)