နောင်တရား အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.မ.က ကျောင်းကုန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံပေးသည့် တတိယနေ့တွင် (၅၄၅)ဦးလာရောက်ထိုးနှံကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေး အစီအလိုက်ထိုးနှံပေးလျက်ရှိပြီး နောင်တရားမြို့ မြို့ပေါ်သုံးရပ်ကွက်နှင့် နန်းပုလင်းကျေးရွာအုပ်စု၊ နောင်ပီကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို တတိယနေ့အဖြစ် ထိုးနှံပေးလျက်ရှိသည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းမှ ရောဂါကူးစက်ခံရသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာ (၉)ဦးကို နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံနှင့် နောင်တရား အ.ထ.ကကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)