ပင်လောင်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းစေရေးအတွက် မြို့၀င်/မြို့ထွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာခွင့်များကို စစ်ဆေးခြင်းနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များအတိုင်း သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူ၀င်လူထွက်များပြားလျက်ရှိသည့် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်ပေါ်လျက်ရှိသော ကျေးရွာများသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အဖြူရောင်လူငယ် ပရဟိတအဖွဲ့မှ ပိုးသတ်ဆေးများ သွားရောက်ပက်ဖျန်း ပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများမှ တာ၀န်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ယခုကဲ့သို့ ပိုးသတ်ဆေး ပက်ဖျန်းပေးထားခြင်းအားဖြင့် ရောဂါကူးစက်ပျံ့ပွားမှုကို အထိုက်အလျောက် လျော့နည်းလာစေသည့်အပြင် မြို့နယ်အတွင်း အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို များစွာလျော့နည်လာစေမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)