မိုင်းပျဉ်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ဖွဲ့စည်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ပြောကြားရာ၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အသိဉာဏ်ပညာမြင့်မားရေး အတွက် လည်းကောင်း၊ အမျိုးသမီးအခွင့်အရေးများ ကာကွယ်ရေးနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း အမျိုးသမီးအသင်း (Women Club)ကို ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် လူငယ်များအသိဉာဏ်ပညာမြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝါသနာတူ လူငယ်များစုစည်း၍ လူငယ်အသင်း(Youth Club)ကို ဖွဲ့စည်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)ကို အဖွဲ့ဝင် အင်အား (၁၄)ဉီးစီဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)