ကျောက်ဆည် အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန် က ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည် ဆင်းခွင့်ရရှိသူ (၅၇၃) ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ(၃)ဦး ရှိကြောင်း ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရှိရ သည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးခြင်းအပြင် ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူနှင့် ထိတွေ့ခဲ့သူများအား နေ့စဉ် Test Kit ဖြင့် စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက် ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အမျိုးသား (၃၇၃) ဦး၊ အမျိုးသမီး (၃၀၀) ဦး၊ စုစုပေါင်း (၆၇၃) ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၂၁)ဦး၊ အမျိုးသမီး(၂၅၂)ဦး၊ စုစုပေါင်း(၅၇၃)ဦး၊ သေဆုံးသူ အမျိုးသား(၅၀)ဦး၊ အမျိုးသမီး (၄၇)ဦး စုစုပေါင်း(၉၇)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသည့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၃)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
သက်မောင်