ရေးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရေး အောက်တိုဘာ

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့်  အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  (Sinopharm)ကို သတ်မှတ်ဆေးထိုးအုပ်စု နေရာများတွင် ယနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးအုပ်စု (၁၃ )နေရာ၌   အသက်(၅၅)နှစ်နှင့်အထက်  သက်ကြီးရွယ်အိုများ ကိုသာ ထိုးနှံပေးလျက်ရှိရာ သက်ဆိုင်ရာ ကျန်မာရေး ဝန်ထမ်းဆရာမများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်းအောက်ဆီဂျင် စစ်ဆေး ပေးခြင်းများကို စနစ်တကျ ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှလည်း လှည့်လည် ကြည့်ရှုစစ်ဆေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)