မိုင်းဆတ်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုနိုင်ရန် ကွင်းဆင်းစစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံနိုင်ရေး၊ ကျောင်းမဖွင့်မီ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုနှင့် ဆက်လက်ထိုးနှံမည့်အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှင့် ကျန်းမာကောင်းမွန် ၍ နေအိမ်ပြန်ခွင့်ရရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များဆက်လက်ထားရှိရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက မော်တော်ယာဉ်လိုင်းများ၊ ဈေးသူ၊ ဈေးသားများနှင့် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရေး၊ မိုင်းဆတ် ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)