မြဝတီ အောက်တိုဘာလ ၄
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိ အသက်(၁၈)နှစ်အထက် ရှိသူများအား စတုတ္ထအသုတ် ပထမအကြိမ် ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
မြဝတီမြို့နယ်အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်အဖြစ် ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့၌ ဆေးထိုးနှံပေးခဲ့ပြီး စတုတ္ထအသုတ်ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို အသက်(၁၈)နှစ်အထက်ရှိသူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်(၇)နေရာ၌ ယနေ့အောက်တို ဘာလ (၄)ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)