ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ကွန်ဟိန်း  အောက်တိုဘာ ၄

 ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌  အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို  ယနေ့ နံနက်(၈) နာရီခွဲ အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ လစဥ် တစ်လခြား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အား ကျန်းမာရေးစစ် ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် ကျန်းမာရေး လမ်းညွန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည် ။

နန်းပြည်စန္ဒီမြင့်(ကွန်ဟိန်း)