ရေဦး၌ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများလှူဒါန်း

ရေဦး အောက်တိုဘာ

မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကြက်ခြေနီအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် နာရီက အဆိုပါဌာန နားနေဆောင်၌ ရှေးဦးသူနာပြုစုနည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအဖွဲ့ တပ်ဖွဲ့မှူး ဦးမောင်မောင်ဆွေက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လှူဒါန်းသည့် ကြက်ခြေနီဆေးပုံးနှင့် ကိုဗစ်-၁၉ကာကွယ်ရေး ပစ္စည်းများကို မြို့နယ်မီးသတ် ဦးစီးဌာနသို့ လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့တပ်ဖွဲ့မှူး ဦးမောင်မောင်ဆွေနှင့်အဖွဲ့မှ ရှေးဦးသူနာ ပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာရရှိပါက အရေးပေါ်ပြုစုနည်းများကို သင်ကြားပေးခဲ့ရာ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များမှလည်း ပါ၀င်၍ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် သန္ဓေမီးသတ်တပ်ဖွဲ့၀င်များအား ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ မှတ်စုစာအုပ်များ ပေးဝေခဲ့သည်။

ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်ကမိမိတို့ဌာနသို့ လာရောက်၍ ရှေးဦးသူနာပြုစုနည်း သင်ကြားပေးခြင်း၊ ကိုဗစ်-၁၉ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ လှူဒါန်းပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)