ကျောက်ဆည်မြို့နယ်တွင် ဝါစိုက်တောင်သူများအား အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဝါမျိုးစေ့များ ဖြန့်ဖြူးပေး

ကျောက်ဆည် အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လွန်ကျော်ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဝါမျိုး ကောင်း၊ မျိုးသန့်များကို သုတေသနပြုစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်ဝါမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လွန်ကျော်ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအနေဖြင့် ဝါစိုက်တောင်သူများမျိုးစေ့ လိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ယခုနှင့်မိုးရာသီတွင် ငွေချည်()ဝါမျိုး(၁၀)ဧက၊ ငွေချည်()ဝါမျိုး(၇၅)ဧက၊ ငွေချည် ()ဝါမျိုး (၁၀)ဧက၊ ငွေချည်(၁၁)ဝါမျိုး(၄၅)ဧကနှင့် ရွှေတောင်(၁၀)ဝါမျိုး(၁၀)ဧကစုစုပေါင်း(၁၅၀)ဧက စိုက်ပျိုးထားရှိပြီး မျိုးစေ့များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

ဝါတစ်ဧကစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးခြင်း၊ သားခွဲခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာပတ်ကျဲခြင်း၊ ဆေးဖျန်းခြင်း၊ ရေတင်ခြင်း၊ ဝါကောက်သိမ်းခြင်းစသည့် လုပ်အားခအဖြစ် ငွေကျပ်(၃၁၀၄၀၀) ထွန်/ထယ်ဆောင်ရွက်ခအဖြစ် ငွေကျပ်(၄၈၀၀၀) ယူရီးယား၊ ကွန်ပေါင်း၊ ပိုတက်၊ ဘိုရွန်၊ ဇင့် ပေါင်းသတ်ဆေး စသည့် အပင်အတွက် လိုအပ်သည့် ဆေးများ သုံးစွဲခအဖြစ် ငွေကျပ် (၆၀၆၄၅၀) ကုန်ကျကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ (၄၀၀) ပိဿာမှ (၆၀၀) ပိဿာအထိ ထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်နိုင်ကပြောပြ၍ သိရှိရသည်။

တင်တင်ထွေး