ရေနံချောင်းမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ရေနံချောင်း အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကင်းဝေးပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ရေနံချောင်းမြို့နယ် စီမံချုပ်အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေး ထုတ်ယူရရှိသည့် နေ့မှစ၍ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ချက်ခြင်းထိုးနှံ ပေးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲလင်းအောင်က အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အဖွဲ့များဖွဲ့စည်းခြင်းနှင့် ဆေးထိုးစုရပ်များ သတ်မှတ်နိုင်ရေးကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူ စာရင်းများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းထွန်းက ကာကွယ်ဆေး ထိုးနှံပေးရာတွင် အလေအလွင့်မရှိစေရေး လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေး နွေးကြသည်။

ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံမှ အသက်(၁၆)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းပပျောက်စေရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ထိုးနှံပေးရာတွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ ဘုရားကုန်း၊ ကမ္မ၊ ကံကြီး၊ အင်တော၊ ဝက်လွတ်၊ ချောင်းဆုံ၊ ဝက်မစွတ်နှင့် အလယ်ကုန်းစသည့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် စုရပ်ထား၍ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)