ပင်လောင်း အောက်တိုဘာ ၄
ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၁၄) ဦးတွေ့ရှိ ပြီးသေဆုံးလူနာ တစ်ဦးရှိကြောင်း သိရသည်။
ယနေ့ ပိုးတွေ့လူနာသစ်များမှာ RDT Test kit ဖြင့်စစ်ဆေးမှုတွင် ၁၄ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးလူနာတစ်ဦးမှာ နန်းတုတ် ကျေးရွာအုပ်စု လဲလျောင်းရွာမှအသက် ၅၆ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီးချို ရောဂါ အခံရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည်ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်ဇွန်လ ၃၀ ရက်နေ့မှ စတင်ကူးစက် ပျံ့ပွားလာပြီး ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၅၀၂ ဦး ရှိပြီးမြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံလေးရုံတို့တွင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ကုသရေးစင်တာများ သီးသန့်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများပေးခဲ့ရာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆေးရုံ မှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၃၂၅ ဦးရှိသွားပြီဖြစ်ကြောင်း၊ လွှဲပြောင်း လူနာ ၈ ဦး၊ သေဆုံးလူနာ ၁၇ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသဆဲလူနာ ၁၅၉ ဦးသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရှိရသည်။
ထွန်းလင်း(ပင်လောင်း)