မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက် (၉) နာရီက နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။