သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

သီပေါ အောက်တိုဘာ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယ အသုတ် (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးရာတွင် ယမန်နေ့က   လူဦးရေ (၂၅၆) ဦးကို ထိုးနှံပေးခဲ့ပြီး၊ စုစုပေါင်းလူဦးရေ (၅၆၆၈) ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်း ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့် ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာ စစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း များကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ခင်လေး(ပြန်/ဆက်)