သရက်မြို့၌ Community Positive Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ် အုပ်စုများအား ထောက်ပံ့ငွေပေးအပ်

သရက် အောက်တိုဘာ   

မကွေးတိုင်းဒေသကြီး သရက်မြို့၌ Community Positive Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ်အုပ်စုများအား မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထက်မြက်အောင်က ထိခိုက်လွယ် အုပ်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Community Positive Centre များတွင် ကိုဗစ်-၁၉ရောဂါ ကုသမှု ခံယူခဲ့ကြသည့် ထိခိုက်လွယ်အုပ်စုများမှ အသက် ၆၀ နှစ်အထက် ၁၀၄ ဦး၊ အသက် နှစ်အောက် ၃၁ ဦး၊ စုစုပေါင်း(၁၃၅)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၀၅၀၀၀) ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း