ဆီဆိုင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသည်ဖြစ်သည့် အောက်ဆီဂျင်စက်မှ ယမန်နေ့ ညနေ ၅ နာရီခန့်က စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံကို ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ ကာလတန်ဖိုးမှာ ငွေကျပ်သိန်း(၆၈၀)တန်ဖိုးရှိကြောင်း သိရသည်။
ယခုတည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်ဆီဂျင်စက်မှ တစ်နာရီလျှင် ၄၀လီတာဆန့် (၁.၂၅)အိုး ထုတ်လုပ်နိုင်မည်ဖြစ်၍ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀) ထွက်ရှိမည်ဖြစ်ပြီး မြို့နယ်အတွင်ရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီအခမဲ့ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)