ကျောက်ကြီး အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ် စုရပ်(၃)ခု ထားရှိပြီး အဖွဲ့(၆)ဖွဲ့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးအား ခန့်မှန်း အောက်တို့ဘာ ၁၂ ရက်နေ့တွင် စတင်ထိုးနှံနိုင်ရေး စီမံထားကြောင်း၊ ကျောင်းသား ကျောင်းသူများအား ကာကွယ်ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရုံးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်များ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်များ ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးက မိမိပညာရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများအလိုက် ကျောင်းသား/ကျောင်သူ စာရင်းများ ကြိုတင်ကောက်ယူ ဆောင်ရွက်ထားရှိကြောင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ က မိမိဝန်ထမ်းများ အနေဖြင့် သတ်မှတ်စုရပ်အလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် တာဝန်ကျဝန်ထမ်းများ ညွှန်ကြားထားပြီး ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် စုရပ်အလိုက် စီမံဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်