နောင်ချို အောက်တိုဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီ ဆိုင်များနှင့် ပုံမှန်ဖွင့်လှစ်နေ သည့် အခြားဆီဆိုင်များအား ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ဖြစ်သည့် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ကျော်စံ စက်သုံးဆီအရောင်းဆိုင်အနေဖြင့် သတ်မှတ်နှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အချင်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့လည်းကောင်း၊ အခြားဆီဆိုင်တို့အား စက်သုံးဆီ ပြတ်လပ်မှု ရှိ/မရှိ နှင့် ရောင်းချနေသည့် ဈေးနှုန်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင် ကျော်စံ ဆီဆိုင်အနေဖြင့် ဓာတ်ဆီ (92-RON) (၁) လီတာလျှင် (၁၁၇၇)ကျပ်နှုန်း၊ ဒီဇယ်ဆီ(၁) လီတာလျှင် (၁၁၆၇) ကျပ်နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ(၁)လီတာလျှင် (၁၁၇၄) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး အခြားစက်သုံးဆီ ဆိုင်များအနေဖြင့် ဓာတ်ဆီ(92-RON) (၁)လီတာလျှင် ၁၆၆၅ ကျပ်နှုန်း၊ ဒီဇယ်ဆီ(၁)လီတာလျှင် ၁၆၄၅ ကျပ်နှုန်း၊ ပရီမီယမ်ဒီဇယ်ဆီ(၁)လီတာလျှင် ၁၆၆၅ ကျပ်နှုန်းခန့်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)