ပေါက်တော အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထေက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်သည် ၂၀၂၀- ၂၀၂၁ ခုနှစ်၊ တတိယသုံးလပတ် (ဧပြီ၊မေ၊ဇွန်) လများအတွက် ပေါက်တောမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၈၂) ဦးတို့အား တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းစီဖြင့် ငွေကျပ်သုံသောင်းစီကို နေအိမ်များအရောက် ထောက်ပံပေးအပ်ခဲ့သည်။
ပေါက်တောမြို့နယ်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား (၃၈၂)ဦးရှိပြီး မြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၅၃) ဦးတို့အား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအုပ်စုများရှိ ဘိုးဘွား (၃၂၉) ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှုများနှင့် စာရေးများက ဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ပေါက်တော