ကျောက်တော် အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ နေပူခံတိုက်ပွဲရှောင်စခန်း ယာယီဖွင့်လှစ် ထားသောနေရာသို့ လာရောက်ခိုလှုံနေကြသော အသက်(၁၈)ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးအား ဆက်လက်ထိုးနှ့ခြင်းကို ယနေ့ နံနက် ၉ နာရီက နေပူခံတိုက်ပွဲရှောင်စခန်းရှိ သတ်မှတ်စုရပ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းစသော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးမှ ကိုဗစ်ကာကွယ်ဆေး များအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နေပူခံတိုက်ပွဲ ရှောင်စခန်း တာဝန်ခံများ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထို့နောက် နေပူခံတိုက် ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဆိုပါတိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား (Sinopharm) ကိုဗစ်ကာကွယ်ဆေးများအား ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်အနားယူ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးပြီး ယနေ့ နေပူခံတိုက်ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူ(၈၇၆)ဦးအား (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)