ပင်လောင်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၍မြို့နယ် ဆေးရုံနှင့်တိုက်နယ် ဆေးရုံလေးရုံတို့တွင် တက်ရောက် ဆေးကုသမှု ခံယူနေသော လူနာများထဲမှကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၁၇ ဦးရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံသူပေါင်း ၁၅၁၂ ဦးရှိပြီး၊ ဆေးရုံများတွင်တက်ရောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိသော လူနာများထဲမှကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၄၂ ဦး၊ လွှဲပြောင်းလူနာ ၉ ဦး၊ သေဆုံးလူနာ ၁၇ဦး၊ ဆေးရုံများတွင်တက်ရောက် ဆေးကုသမှုခံယူဆဲလူနာ ၁၅၁ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)