ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ရပ်စောက်  အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ပြည်သူများ သိရှိနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း၌ ယနေ့နံနက် ၁၀ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိမိနေအိမ် အတွင်း၌သာနေထိုင်ကြပါရန်၊ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြပါရန်၊ ပြင်ပမှလာသော ဧည့်သည်များကို လက်မခံပါရန်၊ နှာခေါင်းစည်းမတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ ဆေးကုသမှု ခံယူကြပါရန် စသည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)