ဟားခါး အောက်တိုဘာ ၅
ဟားခါးမြို့တွင် အုပ်စု(A)အဖြစ် သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ၊ မသန်စွမ်းသူများ၊ Ethnic Armed Organization နှင့် နှာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ဆေးထိုးစုရပ် ( ၃ ) နေရာခွဲကာ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
ယနေ့ စတင်ထိုးနှံသည့် ကာကွယ်ဆေးများကို ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အုပ်စု ( A ) တွင် ပါဝင်သည့်ပုဂ္ဂိုလ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ ခိုင်ကမ်းအားကစားရုံနှင့် မြို့သစ်ရပ်ကွက်ရှိ ကာဆင်နှစ်ခြင်းဘုရားကျောင်းများတွင် ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများကို အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုးနှံပေး သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးသည့် ( ၃ ) ရက်တာကာလအတွင်း အုပ်စု(A)ပါ ပုဂ္ဂိုလ်များအပြင် ကာကွယ် ဆေးပထမအကြိမ်ထိုးနှံခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်( ၆၅ )နှစ်နှင့်အထက်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း အဆိုပါဆေးထိုးသတ်မှတ်နေရာများသို့ သွားရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
မောင်တက်လမ်း