သံဖြူဇရပ် အောက်တိုဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်ကာ ပထမနေ့အဖြစ် သံဖြူဇရပ်မြို့နယ် မြို့မ အ.ထ.က ( ၁ ) ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ် ဆေးထိုးနှံပေးရာတွင် အသက်(၄၀)နှစ် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ထားသော ဆေးထိုးစုရပ် (၇) နေရာဖြစ်သော အ.ထ.က (၁)သံဖြူဇရပ်၊ ကျိုက္ခမီ(ကဇာတ်ရုံ)၊ အ.ထ.က ကျုံကဒါတ်၊ အနင်းတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ်ဆေးရုံ၊ ကရုပ္ပိတိုက်နယ်ဆေးရုံနှင့် ဝဲခမိတိုက်နယ်ဆေးရုံတို့တွင် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်