သာယာဝတီမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာများ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက် များကို ယနေ့ နံနက်က မြို့နယ်ဂရုဏာသွေးလှူရှင် အသင်းမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။