ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် (၂၂)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ်(၃၆၅/၇)နှင့်(၃၆၆)ကြားတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် FUSO အမျိုးအစား (၂၂)ဘီးကားတစ်စီး ယနေ့နံနက်(၈)နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။