ပြင်ဦးလွင် အောက်တိုဘာ ၆
ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှစာအုပ် စာပေငှားရမ်းမှုများကို ခေတ္တရပ်နား ခဲ့ရာ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်လည်း Online မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ ကိုလည်း တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Online Page မှ တစ်ဆင့်ထုတ်လွှင့်ခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်းသားလူငယ်များ မိမိတို့ အိမ်တွင်နေသည့်အချိန်တွင် အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ထုတ်လွှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ပြင်ဦးလွင် ခရိုင်ပြည်သူ့စာကြည့်တိုက် page တွင် ဆေးရောင်လှလှခြယ်ရအောင်၊ အထွေထွေ ဗဟုသုတ ရစရာ၊ မြန်မာစာ မြန်မာစကား၊ ပုံပြင်ပြောကြမယ်၊ ခရီးသွားကဏ္ဍ၊ ကာတွန်းကဏ္ဍ၊ စာအုပမိတ်ဆက်၊ ကျန်းမာရေးကဏ္ဍနှင့် ကဗျာရွတ်ပြမယ် အစီအစဉ် ကောင်းများပါဝင်ကြောင်း သိရသည်။
မြတ်ဆုမွန်