မိုးနဲ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်)ထိုးနှံပေးမည့်အခြေအနေ ၊ရောဂါပိုးတွေ့ရှိမှု အခြေအနေ၊ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ သွားလာမှု စည်းကမ်းတကျဖြစ်စေရေး၊ ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးနှင့် ကာကွယ်ဆေးများကို အုပ်စုအလိုက် ကွင်းဆင်း ထိုးနှံနိုင်ရေးစသည့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနီဝင်း ကရပ်ကွက်များ၊ ဈေးများနှင့်မြို့ဝင်မြို့ထွက် စစ်ဆေးရေး နေရာများတွင် ကြပ်မတ်စစ်ဆေးဆောင်ရွက် ပေးနေမှုအခြေအနေများကိုလည်းကောင်း ၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇင်မီဟန်က ကိုဗစ်-၁၉ ရောဂါရှာဖွေရေး (RDT) Test Kit ဖြင့် အရှိန်မြင့် စစ်ဆေးပေးသွားမည့်အခြေအနေ၊ အသက် ၁၂ နှစ်အထက်ကျောင်းသား လူငယ်များ ကာကွယ်ဆေးထိုးနှံပေးသွားမည့်အခြေအနေများ၊ စတိုးဆိုင်ရောင်းချသူများ (Mask)တပ်ဆင် ရောင်းချရေး၊ Positive Center နှင့် Home Quarantine ဝင်ရောက်နေသူများ ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး အခြေအနေများကိုလည်းကောင်း ၊မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက အသက်၁၂ အထက် ကျောင်းသားများ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စာရင်းကောက်ယူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးမျိုးညွန့်ရွှေက အသက် ၁၈ နှစ်အထက် ကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်၊ ၁၂ အထက်ကျောင်းသားလူငယ်များအား ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ကာကွယ်ဆေးထိုးနှံရေးအသိပညာပေး လက်ကမ်းစာစောင်များ ထုတ်ဝေ ဖြန့်ဖြူးနိုင်ရေးအခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နေ့စဉ် Mask တပ်ဆင်သွားလာရေး လှုပ်ရှားမှု ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)