ဒေသပေါ်ဆန်းမျိုးများ စားသုံးမှုအရည်အသွေး (EatingQuality) စိစစ်အကဲဖြတ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

မြောင်းမြ   အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ဒေသပေါ်ဆန်းမျိုးများ စားသုံးမှု အရည်အသွေး (Eating Quality) စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံ နက် () နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဒေါ်အေးအေးမြင့်က ဒေသပေါ်ဆန်းမျိုးများ စားသုံးမှု အရည်အသွေး (Eating Quality) စိစစ်အကဲဖြတ်ရွေးချယ် ပေးရမည့်အချက်များအားရှင်းလင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များမှ ခရိုင်စိုက်ပျိုးရေးဦစီးဌာနက ပြသ ထားသော ဆန်(ထမင်း)များအား စားသုံးမှုအရည်အသွေး (Eating Quality) စိစစ်အကဲဖြတ် ရွေးချယ်ခြင်းပြုလုပ်ခဲ့ကြရာ မြောင်းမြပေါ်ဆန်းရင်နှင့် အိမ်မဲပေါ်ဆန်းရင် ဆန်(ထမင်း)တို့က ပူးတွဲပထမရရှိခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများနှင့် စိတ်ပါဝင်စား သူပြင်ပပုဂ္ဂိုလ်များ စုစုပေါင်း (၅၅)ဦးတက်ရောက် ခဲ့ကြကြောင်းသိရပါသည်။

စန္ဒာကြည်(မြောင်းမြခရိုင်ပြန်/ဆက်)