ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့်အခမဲ့စစ်ဆေးပေးမည်

ဟိုပုံး အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့်အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း ဟိုပုံးမြို့ပြည်သူ့ဆေး ရုံမှ သိရသည်။

 ထိုသို့ စစ်ဆေးရာတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း မိမိကိုယ်ကို သံသယရှိပါက ဟိုပုံးပြည်သူ့ဆေးရုံတွင် နံနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ၊ မွန်းလွှဲ ၂နာရီမှ ညနေ၅နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့လာရောက်စစ်ဆေးနိုင်ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)