ဝမ်းတွင်းမြို့နယ်အတွင်း Positive Centre များမှ ကျန်းမာရေးကောင်းမွန်လာသူ (၁၂) ဦး ဆေးရုံ ဆင်းခွင့်ရ

ဝမ်းတွင်း အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း Positive Centre များမှဆေးကုသမှုခံယူနေ သူများ အနက် ယနေ့နံနက်ပိုင်းတွင် ကျန်မာရေးကောင်းမွန်လာသူ (၁၂) ဦး ဆေးရုံးမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ကျန်မာရေးကောင်းမွန်လာပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ရရှိသူများမှာ တမာကုန်းကျေးရွာမှ (၁)ဦး၊ နတ်ကန်ကျေးရွာမှ(၁)ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ (၆)ဦး၊ ရွှေတောင်ကျေးရွာမှ (၄) ဦးတို့ဖြစ် ကြောင်း သိရပြီး ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူနေသူများအနက် ယနေ့နံနက် တွင် ကျန်မာရေးကောင်းမွန်လာသူ (၁၂)ဦးမှာ ဆေးရုံမှဆင်းခွင်ရရှိခဲ့ပြီး ၎င်းဆေးရုံမှ ဆင်းခွင့်ရရှိသူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေအိမ်စောင့်ကြည့်(၇)ရက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)