မုံရွာမြို့နယ်တွင် စက်တင်ဘာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေမှ ကျပ်သန်း(၄၀၀)ကျော် ပြန်လည်ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ စက်တင်ဘာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ မှကျပ်သန်း(၄၀၀)ကျော် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၈)ရွာရှိ ‌အိမ်ထောင်စု (၁၁၁၅)စုကို ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ကျပ်သန်း(၄၂)သန်းမှ အများဆုံးကျပ်သန်း (၆၄)သန်းအထိ စုစုပေါင်းကျပ်သန်း(၄၀၀)ကျော်ကို စက်တင်ဘာလအတွင်း စီမံကိန်းရန်ပုံငွေမှ ပြန်လည်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ အခြေပြုဖွင့်လှစ်ထား သည့် အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်းက မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ်ရှိ ကိုဗစ်-၁၉ ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများကို ယမန်နေ့က စားသောက်ကုန်များ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၌ ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ကာကွယ်ဆေးမထိုးရသေးသူများအား ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စုစုပေါင်းလူဦးရေ(၂၀၀၀)ဦးအတွက် ဒုတိယအသုတ် ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ(၆)ရက်နေ့က မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြောင်းမြမြို့နယ်တွင် မိုးရာသီသုတေသနနှင့် မျိုးသန့်ထုတ်လုပ်မှု အခြေအနေ ကွင်းသရုပ်ပြပွဲကျင်းပ

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ခုနစ် မိုးရာသီသုတေသန နှင့် မျိုးသန့်ထုတ် လုပ်မှုအခြေအနေ ကွင်း သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက စိုက်ပျိုးရေး သုတေသနဉီးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်ပရောက် စေတနာရှင်များ၊ မြို့နေစေတနာရှင်ပြည်သူများက လိုအပ်သည် များကို ထောက်ပံ လှူဒါန်း ပေးလျက်ရှိ

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူ ဦးဆောင်၍ မြို့ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊စေတနာဝန်ထမ်းဆရာဝန် ဒေါက်တာ သက်ဇော်ထွန်းနှင့်ရပ်ကွက်များမှ volunteer လူငယ်များ၊မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ သူနာပြု တပ်ဖွဲ့ဝင်များစုပေါင်း၍ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာများအားနွေးထွေးစွာဖြင့် ပြုစု ကုသပေးလျက်ရှိကြောင်းသိရှိရသည်။

ကျောက်ကြီးမြို့နယ်အတွင်း တောင်သူ (၁၈၀)ဦး အား ဆီထွက်နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူ (၁၈၀)ဦးအား ဆီထွက်နေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး (Talk Show)ကျင်းပဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး Community Centreတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီ အချိန် က ပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ် မြို့သစ်-ရွှေတန့်တစ်-ရွှေဒါလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်သည့် မြို့သစ်-ရွှေတန့်တစ်-ရွှေဒါလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယနန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်သွားမည်

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့တွင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း များအား ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
Subscribe to