တောင်ငူ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများအား ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဆေးထိုးစုရပ်ဖြစ်သည့်သည့် ဂေဂိုဂယ်ဘားခရစ်ယာန်ကျောင်း၌ အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ ၊ အကျဥ်းထောင်များမှ အကျဥ်းသား အချုပ်သားများ ၊ ဟိုတယ် မိုတယ် နှင့် တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ၊ မသန်စွမ်းများ ၊ နာတာရှည်ရောဂါအခံရှိသူများအား အောက်တိုဘာလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့သည့် ရက်များအတိုင်း စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ ၈၀၀ နှုန်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဆေးထိုးစုရပ်၌ လာရောက်ထိုးနှံသူများ စနစ်တကျ ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ စာရင်းဖြည့်သွင်းခြင်းနှင့် နှစ်ကြိမ်မြောက် ထိုးနှံပြီးစီးသူများအား ထိုးနှံပြီးစီးကြောင်း QR Code ပါ လက်မှတ်များ ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)