တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ်စက် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ

 ကျောက်ကြီး အောက်တိုဘာ ၁၄

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ်စက် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၈ နာရီက ကုမ္ပဏီပိုင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Oxygen Plant စက်အသစ်မှာ Jiangsu Minnuo Group ကုမ္ပဏီထုတ်လုပ်သည့် တရုတ်နိုင်ငံထုတ် Oxygen Generator Nm3၊ တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၁၅၀)ထွက်ရှိမည် ဖြစ်ကာ Oxygen Plant စက်အသစ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ လစ်လပ်လျက်ရှိသော မြေကွက်လပ်တွင် အလျား (၄၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေ ရှိ အဆောက်အဦးအတွင်း ထားရှိ တပ်ဆင်လည်ပတ်သွားမည်ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ အောက်ဆီဂျင်စက်အပြင် 200KV ထရန်စဖော်မာ တစ်လုံးပါ ပေးအပ်တပ်ဆင်ခဲ့ပြီး မကြာခင် အောက်ဆီဂျင်လိုအပ်နေသည့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက သိရသည်။

မြို့နယ်ပြန်/ဆက်