မြောင်းမြမြို့နယ်တွင် မိုးရာသီသုတေသနနှင့် မျိုးသန့်ထုတ်လုပ်မှု အခြေအနေ ကွင်းသရုပ်ပြပွဲကျင်းပ

မြောင်းမြ အောက်တိုဘာ ၆

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ခုနစ်   မိုးရာသီသုတေသန နှင့် မျိုးသန့်ထုတ် လုပ်မှုအခြေအနေ ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက စိုက်ပျိုးရေး သုတေသနဉီးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲတွင်ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၌စိုက်ပျိုးလျက်ရှိသော မိုးရေသောက် လယ်စပါး၊ အရည်အသွေးကောင်းစပါးနှင့် ရေမြုပ်ခံစပါးသုတေသနများ၏ တောင်သူအဆင့်နှင့် အကွက်ကျယ် သုတေသနစမ်းသပ်ကွက်များ၏ မျိုးလိုင်းများအားတောင်သူနှင့် အတူရွေးချယ်၍ ကွင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြပြီး ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) မှ တာဝန်ခံသုတေသန အရာရှိ ဒေါ်ဖြူပြာလွင်နှင့် ဝန်ထမ်းများမှတောင်သူများသိလိုသည်များကို ရှင်းလင်းပြောကြား ဆောင်ရွက် ပေးခဲ့သည်။

သရုပ်ပြပွဲသို့မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၏စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ အကျိုးဆောင်တောင်သူများ၊ ခြံတာဝန်ခံများ၊ဆန်စပါး လုပ်ငန်း ရှင်များ စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

 

သက်ဝေ