ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်း

လှည်းကူး အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ အခြေပြုဖွင့်လှစ်ထား သည့် အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်းက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ ကိုဗစ်-၁၉ ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များကို ယမန်နေ့က စားသောက်ကုန်များ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စု ၅၃ စုစာကို အိမ်ထောင်စု တစ်စု လျှင် ဆန် ၂ ပြည်(၁)အိတ်၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ ၁ ထုပ်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ဆပ်ပြာထုပ်များကို ပရဟိတအသင်း တာဝန်ရှိသူများက အမှန်တစ်ကယ် လိုအပ်လျက်ရှိသော  ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်ပြည်သူများက အသင်းသို့လာရောက်လှူဒါန်းပေးမှုများကို  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကိုတစ်ဆင့် ပြန်လည်လှူဒါန်းပေးခဲ့ခြင်းဖြစ် ကြောင်း အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း တာဝန်ရှိသူများထံက သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)