ကျောက်ကြီး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူ (၁၈၀)ဦးအား ဆီထွက်နေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်က ဆောင်းသီးနှံစိုက်ပျိုးရာတွင် မြို့နယ်၏ ဆီဖူလုံမှုတိုးတက်ရေးအတွက် နေကြာသီးညှပ် စိုက်ပျိုးဆောင်ရွက်သွားရန်၊ ဒေသခံ တောင်သူများအနေဖြင့် ဆောင်းသီးနှံ နေကြာသီးညှပ် စိုက်ပျိုးခြင်းဖြင့် သီးညှပ်ပင်မကဘဲ တိုးချဲ့ စိုက်ပျိုးခြင်းလဲဖြစ်ကြောင်း၊ တစ်ဧကအပေါ်မှာ ကုန်ကျစရိတ်က အတူတူပဲဖြစ်ပြီး သီးနှံနှစ်မျိုးရဲ့ အကျိုးအမြတ်ကို ရရှိမှာဖြစ်ကြောင်းနှင့် ဒေသအတွင်း နေကြာဆီစစ်ကိုရခြင်း၊ နေကြာဆီကို အသုံးပြု ခြင်းအားဖြင့် ကျန်းမာရေးအရ နှလုံးနှင့် ပတ်သက်သည့် ရောဂါများ၊ အဆုတ်နှင့် ပတ်သက်သည့် ရောဂါများ၊ ပန်းနာရင်ကြပ်ရောဂါများ ကာကွယ်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်လဲ ကောင်းမွန်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကွင်းပေါင်း(၁၉)ကွင်း၊ စိုက်ပျိုးဧက (၈၀၀) ဧကရှိ တောင်သူ (၁၈၀)ဦးအား တစ်ဧကလျှင် နေကြာသီးမျိုးစေ့ (၂)ပြည်နှုန်း ထောက်ပံ့ပေး အပ်ခဲ့ပြီး၊ အခန်းအနားသို့ တက်ရောက်လာသော တောင်သူများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဒေသအတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာ သီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပြီး အခမ်းအနား တက်ရောက်သည့် တောင်သူများအား မြေဩဇာကို အကျိုးရှိထိရောက်စွာ သုံးစွဲနည်းလက်ကမ်း စာစောင်၊ မတ်ပဲနှင့် နေကြာသီးညှပ်စိုက်ပျိုးနည်း လက်ကမ်းစာစောင်၊ ငါးအမိုင်နိုအက်ဆစ် (အဝင်အား တိုးဆေးရည်) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် နံနံပင်မျိုးစေ့နှင့် ဖူးစားပြောင်းမျိုးစေ့များ အား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်