ဟိုင်းကြီးကျွန်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်သွားမည်

ဟိုင်းကြီးကျွန်း          အောက်တိုဘာ          ၆
ဧရာဝတီတိုင်းဒေသကြီး  ၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့တွင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း များအား ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို  ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ဟိုင်းကြီးကျွန်းမြို့ ၊ ချောင်းဝ ကျေးရွာအုပ်စုတွင် (၇.၁၀.၂၀၂၁)ရက်နေ့မှ (၈.၁၀.၂၀၂၁)ရက်နေ့ထိလည်းကောင်း၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင်(၉.၁၀.၂၀၂၁)ရက်နေ့မှ (၁၀.၁၀.၂၀၂၁)ရက်နေ့ထိ လည်းကောင်း ၊ ဝါးကုန်းကျေးရွာအုပ်စုတွင် (၁၁.၁၀.၂၀၂၁) ရက်နေ့မှ (၁၂.၁၀.၂၀၂၁)ရက်နေ့ထိ လည်းကောင်း၊ ဒီးဒူးကုန်းကျေးရွာ အုပ်စုတွင်(၁၃.၁၀.၂၀၂၁) ရက်နေ့မှ (၁၄.၁၀.၂၀၂၁)ရက်နေ့ထိလည်းကောင်း၊ အုတ်တွင်းကျေးရွာအုပ်စုတွင်(၁၅.၁၀.၂၀၂၁)ရက်နေ့မှ(၁၆.၁၀.၂၀၂၁)ရက်နေ့ထိလည်းကောင်း၊သက္ကယ်သောင်ကျေးရွာအုပ်စုတွင် (၁၇.၁၀.၂၀၂၁)ရက်နေ့မှ(၁၈.၁၀.၂၀၂၁)ရက်နေ့ထိလည်းကောင်း ကျေးရွာအုပ်စု အသီးသီးတွင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ငပုတောမြို့နယ်  လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဦးစီးဌာန ၊ တာဝန်ရှိသူထံမှသိရသည်။
နွေးနွေးအောင်(ပြန်/ဆက်)