ကမမောင်းမြို့၌ ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်ပရောက် စေတနာရှင်များ၊ မြို့နေစေတနာရှင်ပြည်သူများက လိုအပ်သည် များကို ထောက်ပံ လှူဒါန်း ပေးလျက်ရှိ

ကမမောင်း ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူ ဦးဆောင်၍ မြို့ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊စေတနာဝန်ထမ်းဆရာဝန် ဒေါက်တာ သက်ဇော်ထွန်းနှင့်ရပ်ကွက်များမှ volunteer လူငယ်များ၊မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ သူနာပြု တပ်ဖွဲ့ဝင်များစုပေါင်း၍ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာများအားနွေးထွေးစွာဖြင့် ပြုစု ကုသပေးလျက်ရှိကြောင်းသိရှိရသည်။

ကမမောင်းမြို့၌ ဇူလိုင်လ ၄ ရက်နေ့မှယနေ့အထိ ပြည်သူ့ဆေးရုံရှိ ကိုဗစ်ရောဂါလက္ခဏာပြင်းထန်လူနာများနှင့် Quarantine Center(အထက၊ကမမောင်း)ရှိ ကိုဗစ်ရောဂါပိုးတွေ့ ရောဂါလက္ခဏာမပြင်းထန်သော လူနာစုစုပေါင်း(၁၉၂)ဦးရှိခဲ့ရာပြန်လည်၍ နေကောင်းကျန်းမာလာသူ စုစုပေါင်း(၁၆၆) ဦး ရှိပြီး၊အခြားရောဂါအခံများကြောင့်ပြင်းထန်လက္ခဏာဖြင့်သေဆုံးသူလူနာ(၁၂)ဦးရှိခဲ့ကြောင်း မြို့ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန်ထံမှသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကမမောင်းမြို့ရှိဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နေပြည်သူများနှင့်ပြည်တွင်း၊ ပြည်ပရောက် စေတနာရှင် ကုမ္မဏီပိုင်ရှင်နှင့် ပရဟိတစေတနာရှင်အသင်းအဖွဲ့များ၊ ဘာသာရေးအသင်းများ၊ မြို့သူ၊ မြို့သားများ၏ စုပေါင်းကူညီ လူဒါန်းပေးကြသည့် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများဖြစ်သော OXYGEN CONCENTRATOR(DUAL FLOW 10L)စုစုပေါင်း(၁၃)လုံး၊OXYGEN FLOWMETER(၇)ခု၊ OXYGEN CYLINDER 40L အိုးစုစုပေါင်း(၁၇)လုံး၊RDT Test kit များ၊ဆေးဝါးများနှင့် အလှူငွေများကိုစုပေါင်းလှူဒါန်းပေးခဲ့ကြရာ ယနေ့အထိ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူ(၁၂)ဦးနှင့် COVID Center(အထက၊ကမမောင်း)တွင် ဆေးဝါးကုသမှု ခံယူနေရသူ (၃) ဦး၊ စုစုပေါင်း (၁၅) ဦး သာကျန်ရှိပါကြောင်း ကမမောင်းမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ဆုရဲထက်ထံမှသိရှိရသည်။

လင်းသန့်(ပြန်/ဆက်)